ဇူလိုင် ၁၁ ရက်နေ့က သံတွဲမြို့အနီး နယ်မြေရှင်းလင်းနေသော လုံခြုံရေးစစ်ကြောင်း ၂ ခုနှင့် AA အကဖ သကသ များ အင်အား ၃၀ ခန့်နှင့် ၂ ကြိမ်၊ အင်အား ၄၀ ခန့်နှင့် ၂ ကြိမ်၊ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ၏ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် AA သကသများ အထိနာစွာဖြင့် အလောင်းလက်နက်များ သယ်ဆောင် ဆုတ်ခွာသွားခဲ့။
ထိတွေ့တိုက်ပွဲဖြစ်စဥ် ၄ ခုအနက်မနက် ၁၁ နာရီခန့်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်၎င်းတို့ ကစဥ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ရသဖြင့် မသယ်ဆောင်နိူင်ဘဲ ကျန်ရှိခဲ့သည့် အလောင်းလက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့-
-AA ၅ လောင်း
-လက်နက် ၆ လက်
-ကျည်အိမ် ၁၅ ခု
-ကျည်မျိုးစုံ ၃၉၀ တောင့်
-ဗုံးသီးမျိုးစုံ ၉ လုံး
-လက်ပစ်ဗုံး ၃ လုံး
-ကျည်ကာဦးထုပ် ၃ လုံး
-AA ယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိခဲ့။
နေ့လည် ၃ နာရီ ခန့်တွင် ဖြစ်ပွားခဲ့သည့်တိူက်ပွဲတွင်လည်း မသယ်ဆောင်နိူင်ဘဲ ကျန်ရစ်ခဲ့သည့် အလောင်းလက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့-
-AA ၁လောင်း
-အမ်(၂၂) ၁လက်
-ကျည်အိမ် ၅ ခု
- ဗုံးသီး ၇ လုံး
- လက်ပစ်ဗုံး ၇ လုံး
- ကျည်မျိုးစုံ ၆၁၁ တောင့် သိမ်းဆည်းရမိခဲ့။
ဖြစ်စဥ်များတွင် မိမိဘက်မှ စစ်သည် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့။
#တိုက်ပွဲသတင်းစုံ