ဟဲဟိုးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကံတလိဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ယနေ့ နံနက် ၇ နာရီခွဲတွင် ရှင်သာမဏေတစ်ပါး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပြီးဖြစ်စဉ်မှာ ရှင်ဥတ္တမ (၁၀)နှစ်၊ ဝါတော် (၃)ဝါ၊ ပအိုဝ့်/ဗုဒ္ဓ၊ (၄)တန်း ကျောင်းသားသည် ကျောင်းတိုက်အတွင်း တစ်ပါးတည်းဆော့ကစားနေစဉ် အဂန္တု ကျောင်းတိုက်မှတစ်ဆင့် ကျောင်းထိုင် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒ(၆၉)နှစ်၊(၄၄)ဝါ၊ နှစ်ထပ်ကျောင်းတိုက်သို့ သွယ်တန်းထားရာမှ ပြတ်ကျနေသော လျှပ်စစ်စီးဝင်နေသည့် ကြေးနန်းဓါတ်ကြိုးအား သွားကိုင်မိရာမှ ဓါတ်လိုက်ခံရပြီး ရှင်ဥတ္တမတွင်နှုတ်ခမ်းများညိုမဲလျက် နေရာတွင် သေဆုံးခဲ့ကြောင်း နှင့် အလောင်းအား မြတ်စေတနာ လူမှုကူညီရေးယာဉ်ဖြင့် ၇ နာရီ ၅၀ တွင် ဟဲဟိုးဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရှိရပါသည်။
Related Posts
ဆန်းသစ်တီထွင် တို့မြှင့်တင်
- ပုည
- April 27, 2023
မူပိုင်ခွင့်နှင့်အမျိုးသမီးများ ဆန်းသစ်တီထွင် တို့မြှင့်တင် ”Women and IP: Accelerating Innovation and Creativity”ဟူသောဆောင်ပုဒ်သည် ၂၀၂၃ ခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည်။ ဆန်းသစ်တီထွင်မှုသည် […]
စစ်ကိုင်းမြို့၊ မုံညိုကျေးရွာအနီးတွင် PDF များ၏ လက်နက်များ သိမ်းဆည်းရရှိ
- ပုည
- June 11, 2023
စစ်ကိုင်းမြို့နယ်၊ မုံညိုကျေးရွာအနီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် PDFများယာယီ အခြေချ နေထိုင်ခဲ့သော စခန်းအားတွေ့ရှိ၍ ဝင်ရောက်ရှင်းလင်းခဲ့ရာ
အိန္ဒိယက တရုတ်နိုင်ငံတစ်ဝှမ်းရှိ ပစ်မှတ်များအထိ ရောက်ရှိနိုင်သော တာဝေးပစ်လက်နက်များကို အာရုံစိုက်နေသည်ဟုဆို
- admin
- June 15, 2023
ဆွီဒင်အခြေစိုက်အကြံပေးအဖွဲ့ဖြစ်သည့် စတော့ပ်ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာန (Stockholm International Peace Research Institute -SIPRI)၏ အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံသည် ၎င်း၏နျူကလီးယားလက်နက်တပ်ဆင်မှုကို တိုးချဲ့ကာ နျူကလီးယားသယ်ဆောင်ပစ်လွှတ်သည့် စနစ်အမျိုးအစားသစ်များကို […]