အကြမ်းဖက်KNDF/PDF များထံမှ ကာလတန်ဖိုး‌ငွေကျပ် (၂၄၃၁၅)သိန်းခန့် မူးယစ်ဆေးဝါများ သိမ်းဆည်းရမိ

ပင်လောင်းမြို့နယ်၊ ကောင်မီးကျေးရွာတွင် PNO ပြည်သူ့စစ်အဖွဲ့မှ နယ်မြေစိုးမိုးရေးနှင့်လုံခြုံရေးဆောင်ရွက်နေစဉ် စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီတွင်ဖယ်ခုံဘက်မှ ပင်လောင်းဘက်သို့ ထွက်ခွာလာသည့် KNDF/PNLA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီးသောင်းကျန်းသူများမှာ ထွက်ပြေးတိမ်သွားခဲ့ကြောင်း၊ထိတွေ့မှုဖြစ်ပွားသည့်နေရာအား ရှင်းလင်းခဲ့ရာ လမ်းဘေးမှ ဆာလာအိတ် (၃၃) အိတ်အားတွေ့ရှိခဲ့သဖြင့် PNO ပြည်သူ့စစ် (ဌာနေ)အဖွဲ့သည် မြို့မရဲစခန်း(ပင်လောင်း)သို့ အပ်နှံသဖြင့် ပူးပေါင်းအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အဆိုပါဆာလာအိတ် (၃၃)အိတ်အနက် ဆာလာ အိတ်(၁၆)အိတ်အတွင်းမှ WY/R စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား (၃၀၉၀၀၀၀)ပြားကျပ် (၁၅၄၅၀)သိန်းခန့်နှင့် ဆာလာအိတ် (၁၇)အိတ်အတွင်းမှ ဘိန်းညိုမှုန့် (၁၇၇.၃)ကီလိုဂရမ်၊ကာလ တန်ဖိုးငွေကျပ်(၈၈၆၅)သိန်းခန့်၊ စုစုပေါင်းကာလ တန်ဖိုး‌ငွေကျပ် (၂၄၃၁၅) သိန်းခန့်အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Posted in Uncategorized