အထက်တန်းစား ဗုဒ္ဓဘာသာဝင်တို့ ပြည့်စုံရမည့် အင်္ဂါရပ်များ

အထက်တန်းစား ဗုဒ္ဓဘာသာဝင်တို့ ပြည့်စုံရမည့် အင်္ဂါရပ်များရှိသည်။
၁။ ဘုရား ၊ တရား ၊ သံဃာ ၊ ဟူသော
ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာ
ယုံကြည်ခြင်းရှိရမည်။
သာသနာတော် အပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ
လူများဟာ အပျော်ကြူးခြင်း၊ အလိုကြီးခြင်း၊
ကြောက်စိတ်များခြင်း၊ စိုးရိမ်စိတ်များခြင်းတွေကြောင့်
သာသနာတော်၏ ပြင်ပဖြစ်သော နတ်ကိုးကွယ်ခြင်း၊
ဘိုးတော်/မယ်တော် ကိုးကွယ်ခြင်း၊ အင်း/အိုင်၊ လက်ဖွဲ့၊ ဗေဒင်၊ လောကီးမန္တာန်များကို အားထား
ယုံကြည်ခြင်း စသော သာသနာတော် ပြင်ပကိုးကွယ်ရာများကို မရှာမှီးရပါ ။
ငါတို့ကိုးကွယ်တဲ့ ရတနာသုံးပါးသည် ဆင်းရဲကို ပယ်ဖျောက်၍ ချမ်းသာကို ရောက်အောင် လမ်းပြတတ်ပါပေ၏ ။ အမှန်တရားကိုသိဖို့ရန် လမ်းမှန်ကို
ပြတတ်ပါပေ၏ ။ အမြတ်ဆုံးဖြစ်သော နိဗ္ဗာန်
ချမ်းသာကို ရောက်အောင် လမ်းပြတတ်ပါပေ၏ဟု
ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာ ယုံကြည်ရမည်။
၂။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံအောင်နေထိုင်ခြင်း
ရှိရမည်။
အထူးသဖြင့် ငါးပါးသီလကို အသက်ထက် မြတ်နိုးကာ စောင့်ရှောက်ရမည်။ ၁၅ – ရက်၊
၁၄ – ရက်စသော ဥပုသ်ရက်များတွင်
သီတင်းသီလကို ကျင့်သုံးကာ စိတ်အေးချမ်းစွာ
သမထဘာဝနာ ၊ ဝိပဿနာဘာဝနာများကို
ပွားများကား ရတနာသုံးပါး၏ အရိပ်ကို ခိုလုံကြရမည်။
ဝါရိတ္တသီလလို့ခေါ်တဲ့ ငါးပါးသီလ,ရှစ်ပါးသီလနဲ့ စာရိတ္တသီလလို့ခေါ်တဲ့ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊
ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိဘကျင့်ဝတ်၊

သားသမီးကျင့်ဝတ်၊ အထက်လူကြီးကျင့်ဝတ်၊
အောက်လက်ငယ်သားကျင့်ဝတ် စသည့်
ကျင့်ဝတ်သီလများနှင့် ပြည်စုံရမည်။၃။ ကောတုဟလ မင်္ဂလာကို ယုံကြည်ခြင်းမရှိဘဲ နေထိုင်ရမည်။
အချို့သောလူများသည် “အိမ်မြောင်စုတ်ထိုးရင်…
လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…နိမိတ်
မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်
လက်ခံကြသည်။ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင်
ရက်ရာဇာ၊ ပြဿဒါး၊ ကျီးကန်းလာခြင်း၊ အိမ်မြောင်
စုတ်ထိုးခြင်း၊ နေကြတ်၊ လကြတ်- စသည့် ကောင်းကျိုး ဆိုးကျိုး ရှိသည်များကို လက်မခံရ။
ကုသိုလ်ကောင်းမူပြုနေရင် မိမိအတွက် နက္ခတ်ကောင်း
ရက်ရာဇာ ဖြစ်သည်ဟု လက်ခံ ယုံကြည်ကြရမည်။
၄။ ကံတရားကို ယုံကြည်သူဖြစ်ရမည်။
အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကိုသာလျှင်
ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော် အတိုင်း
ကောင်းကံ လုပ်ရင် ကောင်းကျိုးခံစားရတယ်၊
မကောင်းကံ လုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့
သဘောတရားကို ယုံကြည်လက်ခံကြရမည်။
၅။ ဗုဒ္ဓသာသနာတော်၏ အတွင်း၌သာ မြတ်သော
အလှူခံပုဂ္ဂိုလ်ရွေးချယ် စိစစ်၍ ဦးစွာပေးလှူ
ကြည်ဖြူ မြတ်နိုးခြင်းတို့ ရှိရမည်။
ဗုဒ္ဓဘာသာကောင်း တစ်ယောက်အနေနဲ့
အလှူခံပုဂ္ဂိုလ် ၁၄-ယောက်ကို သိရှိထားရမည်။
အလှူခံပုဂ္ဂိုလ် ၁၄-ယောက်ရှိ၏။
ဒါနမှုကို ခံယူထိုက်သူများဖြစ်သည်။
(၁) တိရိစ္ဆာန် သတ္တဝါများ။
(၂) လူ ဒုဿီလခေါ် တံငါမုဆိုးစသော
ဒုစရိုက်မှုပြုလုပ်သူများ။
(၃) လူ သီလဝန္တ ခေါ် သာသနာပ အခါမျိုး၌
ငါးပါးသီလ မြဲသူများ ။

(၄) ရသေ့ ပရိဗိုဇ် ခေါ် သာသနာပ အခါ ဈာန် အဘိညာဉ်ရပုဂ္ဂိုလ်များ။
(၅-၆) မဂ္ဂဋ္ဌာန်ခေါ် ဖိုလ်သို့မျက်မှောက်ပြုရန်
(၇-၈ ) မဂ်၌ကျင့်ဆဲ ပုဂ္ဂိုလ်၄-ယောက်။
(၉-၁၀) ဖလဋ္ဌာန်ခေါ် ဖိုလ်လေးပါး၌
(၁၁-၁၂) တည်နေသော ပုဂ္ဂိုလ် ၄-ယောက်။
(၁၃) ပစ္စေကဗုဒ္ဓ ခေါ် ဘုရားမပွင့်မီကာလက ပွင့်သောဘုရားငယ်။
(၁၄) သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရှင်။
နံပါတ်စဉ် (၁) အလှူခံပုဂ္ဂိုလ်အား
ကျွေးမွေးလှူဒါန်းရလျှင် ဘဝပေါင်း(၁၀၀) အကျိုးပေး၏။
နံပါတ်စဉ် (၂) အလှူခံပုဂ္ဂိုလ်အား
ကျွေးမွေးလှူဒါန်းရလျှင် ဘ၀ပေါင်း (၁၀၀၀) အကျိုးပေး၏။
နံပါတ်စဉ် (၃) (၄) အလှူခံပုဂ္ဂိုလ်အား
ကျွေးမွေးလှူဒါန်းရလျှင် ဘဝပေါင်း (ကုဋေ တစ်သိန်း )အကျိုးပေး၏။
နံပါတ်စဉ် (၅) မှ (၁၄)အထိ အလှူခံပုဂ္ဂိုလ်အား
ကျွေးမွေးလှူဒါန်းရလျှင် ဘဝပေါင်း (အသင်္ချေအနန္တ ) အကျိုးပေး၏။
နံပါတ်စဉ် (၅) မှ (၁၄) ထိသော
အလှူခံပုဂ္ဂိုလ်များသည်
သာသနာတွင်း၌သာ တွေ့နိုင် ရနိုင်၏။

Posted in Uncategorized