အာဆီယံထဲ ဝင်ဦးမည့် ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ … မလေးရှားမဟာမင်းကြီးအဖြစ် … ၄နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး … မလေးရှားကို ပြန်တော့မည့် … Ms Haznah Md Hashim ကို … သံတမန်ထုံးတမ်းစဥ်လာ လက်ခံ တွေ့ဆုံရာတွင် … ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ၏ အကြံပေးအရာရှိချုပ် (ယာယီဝန်ကြီးချုပ်) မိုဟာမက်ယူနွတ်စ်က …

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အဖွဲဝင်နိုင်ငံ ဖြစ်လာဖို … မလေးရှားနိုင်ငံမှ ထောက်ခံပံ့ပိုးပေးပါရန် …မေတ္တာရပ်ခံလိုက်ပါတယ်..

SAARC (South Asian Association for Regional Cooperation) တောင်အာရှနိုင်ငံများ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုအသင်း နဲ့ ASEAN အကြား … ဘင်္ဂလားဒေ့ရှ်သည် … တံတားတစ်စင်း ဖြစ်လာနိုင်ကြောင်း … မိုဟာမက်ယူနွတ်စ်က ပြောကြားခဲ့ပါတယ် …

မလေးရှားဟာ မကြာမီ ASEAN အလှည့်ကျသဘာပတိနိုင်ငံတာဝန်ထမ်းဆောင်ရမည်ဖြစ်တဲ့အတွက် … ဘင်္ဂလားဒေ့ရှ်မှ … ASEAN အဖွဲဝင်နိုင်ငံ ဖြစ်လိုသည့် … မိုဟာမက်ယူနွတ်စ်၏ သတင်စကားအား … မလေးရှားခေါင်းဆောင်များထံ တင်ပြပေးပါမည် – ဟု … မဟာမင်းကြီး Ms Haznah Md Hashim မှ … ပြန်လည်ပြောကြားခဲ့ပါတယ်….
crd.

Posted in Uncategorized