မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအမှတ် (၂) နယ်စပ်ဂိတ်ဖြစ်တဲ့ ရိဒ်နယ်စပ်ဂိတ်ကို ဇူလိုင် ၂၅ ရက်နေ့ကစလို့ အိန္ဒိယအာဏာပိုင်တွေဘက်က ယာယီပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကတစ်ဆင့် ရိဒ်နယ်စပ်ဂိတ်ကနေအိန္ဒိယနိုင်ငံထဲ တရားမဝင်ပစ္စည်းတွေ တင်သွင်းနေတယ်ဆိုတဲ့ တိုင်ကြားမှုတွေအပေါ် ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရိုက လာရောက်စုံစမ်းနေတာကြောင့် ယာယီပိတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ရိဒ်နယ်စပ်ဂိတ်ဟာ အိန္ဒိယဘက်က မိဇိုရမ်ခေါ်ဒါရ်မြို့နဲ့ မြန်မာဘက် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ကို ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်တစ်ခု ဖြစ်ပါတယ်။
ရိဒ်ခေါဒါရ်မြို့ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက မြို့တစ်မြို့ဖြစ်ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံး ကုန်သွယရေးလမ်းကြောင်းပေါ်မှာ တည်ရှိနေတဲ့ မြို့တစ်မြို့ဖြစ်ပြီး အသည်းပုံ ရိဒ်ရေကန် တည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ဒါ့အပြင် ရိဒ်ခေါဒါရန်မြို့ဟာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ဟွာလ်ငိုရမ် က ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ ထိန်းချုပ်ထားတဲ့ မြို့တစ်မြို့တစ်လည်း ဖြစ်ပါတယ်။
ချင်းပြည်နယ်နဲ့ အိန္ဒိယကို ဆက်သွယ်ထားတဲ့ တရားဝင်နယ်စပ်ဂိတ် ၂ ဂိတ်ရှိပြီး တစ်ခုမှာ AA လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့ဘက်က လောင်တလိုင်ခရိုင် နယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ဟွာလ်ငိုရမ် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါဒါရန်မြို့က ရိဒ်နယ်စပ်ဂိတ်တွေပဲ ဖြစ်ပါတယ်။
crd//𝙈𝙃𝙏𝙉𝙀𝙒𝙎