ဩဂုတ် ၄ ရက်နေ့ လားရှိးသတင်း

ဒီနေ့မနက်စောစော ရောင်နီမလာခင်အချိန်မှာတော့ လေကြောင်းဗုံးကြဲသံ၊ လက်နက်ကြီးသံ၊ လက်နက် ငယ်သံများ ပြင်းထန်ကျယ်လောင်စွာ ကြားနေရပါတယ်။ တပ်မတော်(လေ)ရဲ့ ဗုံးကြဲမှုကလည်း ယခင်နဲ့ မတူ တမူထူးစွာ အုပ်လိုက်ကြဲလာတာကို တွေ့ရပါတယ်။လက်နက်ငယ်သံတွေ တစ်ညလုံးကြားနေရတဲ့အတွက် တိုင်းဌာနချုပ်ကြီး အလုံးစုံကျသွားခြင်းမရှိတာတော့ သေချာပါတယ်။ လက်လွှတ်ခဲ့ရတဲ့ အချိုနေရာတွေကို မြေပြင် တပ်တွေက ပြန်လည်ထိုးဖောက်တာ ရပြီလိုလည်း သိရပါတယ် (နေရာအတိအကျ ပြောဖိုမသင့်လို မဖော်ပြ)။ ပြန့်ကျဲသွားတဲ့ တပ်ဖွဲတွေအချင်းချင်း ပြန်လည်ချိတ်ဆက်မိသွားပြီး စစ်ကူစစ်ကြောင်းကြီးတွေနဲ့လည်း ချိတ်ဆက်မိပြီလို သိရှိရပါတယ်။ တိုင်းဘောလုံးကွင်း အနောက်ဘက်မှာဖြစ်တဲ့ ထိတွေ့မှုမှာလည်း MNDAA အလောင်း ၃ လောင်း၊ လက်နက်(၅)လက် (M-22 ၄ လက်၊ တရုတ်စက်လက် ၁ လက်)ရရှိခဲ့ကြောင်းလည်း သိရပါတယ်။ အခုချိန်ထိ နေရာအနှံ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပါတယ်။မြေပြင်မှာ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်များကိုလည်း ဂုဏ်ယူပါတယ်။ လားရှိးမြိုကြီး ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တပ်မတော်သားတွေအတွက် ဆက်လက်တိုက်ပွဲဝင်နေရမှာပဲ၊ သူပုန် တွေလည်း အနှေးနဲ့အမြန် ချေမှုန်းခံရမှာပါပဲ။

Posted in Uncategorized