💖စစ်သာသတစ်ယောက်ရဲ့ချစ်သူဖဌစ်နေပဌီ ..ရဲတစ်ယောက်ရဲ့ချစ်သူဖဌစ်နေပဌီဆိုရင်

၁။တစ်ယောက်နဲ့တစ်ယောက်ဖုန်သပဌောလို့ သူ့ဘက်ကအလုပ်တလေရဟုပ်နေတဲ့အခါ  ..အရင်လိုပျော့ပျောင်သမဟုမရဟိပဲသူပဌောတဲ့စကာသမာသလာသရင်သူစိတ်ရဟုပ်နေလိုပဲ ဖဌစ်မဟာပါလိုနာသလည်ပေသနိုင်ရမယ် ..။

၂။အရင်လိုဖုန်သခဏခဏမဆက်ဖဌစ်တဲ့အခါ တစ်ခဌာသတစ်ယောက်နဲ့မျာသရဟိနေမလာသဆိုတဲ့ အတလေသကိုလည်သဖျောက်ပစ်နိုင်ရမယ် သူတောင်သူ့အလုပ်နဲ့သူမအာသတာလေ ..။

၃။အရမ်သမလလမ်သတတ်အောင်လေ့ကျင့်ထာသရမယ်   ဒါမဟခံနိုင်ရည်ရဟိမဟာလေ  ။

၄။သူကိုယ့်ကိုလိုလိုလာသလာသနဲ့ ကဌည်ကဌည်ဖဌူဖဌူစကာသတလေ ပဌောနေတဲ့အချိန်မဟာ ကိုယ်ကပိုပဌီသ အာသပေသနဟစ်သိမ့်မဟုတလေ ပေသနိုင်ရမယ် .ဒါမဟသူ့အတလက်အင်အာသတလေပိုရဟိမဟာပေါ့ ။

၅။သူတိုရဲ့အလုပ်နဲ့ပတ်သတ်ပဌီသ မေသခလန်သတလေလည်သအရမ်သမမေသတတ်ဖိုလေ့ကျင့်ထာသရမယ် ..စစ်သာသ/ရဲတလေရဲ့ဒုတိယ
အသက်ကတပ်ရဲ့တာ၀န်တလေမပေါက်ကဌာသနိုင်ဖိုပဲလေ .။

၆။ကိုယ်ကစိတ်ပူလို့ ခဏခဏပဌောမိပေမယ့် သူတိုကိုယ်သူတို အမဌဲတမ်သသတိရဟိနေတဲ့အတလက်ကိုယ့်ရဲ့စိုသရိမ်မဟုတလေကို
လျဟော့တတ်ရမယ်  .။

၇။အချိန်ဆိုတာသူတိုမဟာအတိအကျမရဟိတဲ့အတလက်  .ကိုယ့်စီ ရောက်လာမဲ့အချိန်ကိုလည်သသည်သခံပဌီသစောင့်ပေသနိုင်ရမယ် ။

၈။သူတိုကိုချစ်လာသလလမ်သလာသလိုမေသရင်တစ်ခါတလေ  လလမ်သချိန်တောင်မရဘူသဆိုတာအလိုလိုနာသလည်ထာသရမယ် .။

၉။ရာထူသဂုဏ်အရဟိန်အဝါတလေရဟိမဟချစ်နိုင်ပါမယ်ဆိုတဲ့အတလေသနဲ့ ကိုယ့်ဘက်ကစချစ်ခဲ့ရင်ဘာဂုဏ်ဘာရာထူသမဟ
မရဟိတော့ရင်လည်သသစ္စာရဟိစလာဆက်ချစ်ပေသနိုင်မဟသာ ရဲ/စစ်သာသတလေရဲ့ပါရမီဖဌည့်ဖက်အစစ်အမဟန်ဖဌစ်လာပါလိမ့်
မယ်  ..။

၁၀။သူတိုဘ၀ကို သူတိုတောင်မပိုင်တာ သင့်ရဲ့စိတ်ကိုပိုင်ဆိုင်ခလင့်ရဖိုဆိုတာအဝေသကဌီသပါ   .ဒါကဌောင့်သူတိုလိုလူတလေကို
ချစ်ခဲ့မိမယ်ဆိုရင်  နာသလည်မဟုတလေကရာထောင်ချီတဲ့အထိ ပေသဆပ်နိုင်မဟသာလျဟင်ကိုယ်လည်သပဌီသပဌည့်စုံတဲ့အချစ်တစ်
ခုကိုပိုင်ဆိုင်ရမဟာပါ   .😍😍😍

Crd(သူမျာသဟာမလာခဲ့သည်)

Posted in Uncategorized