အပိုင်း(၂)
ဒီအစည်းအဝေးနဲ့အတူ တစ်ချိန်တည်းနီးပါး ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ နစကအစိုးရရဲ့ အမြဲတမ်းအတွင်းဝန် အဆင့်သာ တက်ရောက်နေပေမယ့် ဘင်းမ်စတက်အဖွဲမှာတော့ အစိုးရအဖွဲဝင် ဝန်ကြီးများအဆင့် တာဝန်ရှိသူများကိုယ်တိုင် တက် ရောက်ဆွေးနွေးနေတာကိုလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒေသတွင်းက နိုင်ငံတကာအဖွဲအစည်းနှစ်ခုကြားမှာ နောက်ကွယ်က နှောင်ကြိုးမရှိတဲ့ အဖွဲအစည်းနဲ့ နှောင်ကြိုးရှိတဲ့အဖွဲအစည်းတိုရဲ့ အစည်းအဝေး အနှစ်သာရကို ခွဲခြားမြင်တွေ့ ကြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အာဆီယံနဲ့တောင်အာရှဒေသရဲ့ အချိတ်အဆက်နိုင်ငံတစ်ခု ဖြစ်တာကြောင့် အာဆီယံနဲ့ ဘင်းမ်စတက်အဖွဲအစည်းအတွင်းမှာ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်ပါ တယ်။ ဒါ့အပြင် စီးပွားရေးအရဆိုရင်လည်း နယ်စပ်ကုန်သွယ်ရေးမှာ အရှေ့ဘက်မှာရှိတဲ့ တရုတ် တစ်နိုင်ငံတည်းကို မှီခိုနေရခြင်းထက် အနောက်ဘက်မှာရှိတဲ့ လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ အိန္ဒိယနဲ့ပါ ရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ အခွင့်အလမ်းတွေ အများအပြား ရရှိခဲ့ပါတယ်။
ဘင်းမ်စတက်အဖွဲထဲက ဦးဆောင်နိုင်ငံ အိန္ဒိယမှတစ်ဆင့် အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံများအထိ ကူးသန်းရောင်းဝယ်မှုများ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးဟာ အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ဒေသတွင်း အကြမ်းဖက်နှိမ်နှင်းရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် နည်းလမ်းများ၊ အခွင့်အလမ်းများ၊ အကြံဉာဏ်များ ရရှိခဲ့သလို သံတမန်ရေးအရ အောင်မြင်တဲ့ ဆောင်ရွက်ချက်ဖြစ်ပြီး စီးပွားရေးအရလည်း အဖွဲဝင်နိုင်ငံများနဲ့ ကုန်သွယ်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မယ့် အလားအလာကောင်းများ ရရှိခဲ့ပါတယ်။
အထူးသဖြင့်တော့ အစည်းအဝေးကြီးကာလအတွင်း အစည်းအဝေးအစီအစဉ်များရဲ့ အချိတ်အ ဆက်ကောင်းမွန်မှု၊ ဧည့်သည်တော်ကြီးများကို နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံမှု၊ နိုင်ငံတကာအဆင့်မှီ အခမ်း အနားပြင်ဆင်မှုနဲ့ ဆွေးနွေးပြောဆိုတဲ့ အကြောင်းအရာများရဲ့ အနှစ်သာရရှိမှု၊ လေးနက်ခိုင်မာ မှုများကို တက်ရောက်လာတဲ့အဖွဲဝင်နိုင်ငံများက ချီးကျူးအသိအမှတ်ပြုခဲ့ကြပါတယ်။
အဖွဲဝင်နိုင်ငံများမှ အစိုးရအဖွဲဝင် အဆင့်မြင့်အရာရှိကြီးများပါဝင်တဲ့ ကိုယ်စားလှယ်များဟာ ရန်ကုန်မြိုနဲ့ နေပြည်တော်တိုကို ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိမြင်တွေ့ပြီးနောက် အနောက် မီဒီယာများမှ ပုံဖော်ထားတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ လက်တွေ့မှာ ကွာခြားမှုရှိနေကြောင်း ကို မြင်တွေ့ကြားသိသွားကြရတဲ့အတွက် များစွာအကျိုးကျေးဇူးရှိကြောင်း တင်ပြလိုက်ရပါတယ်။
crd//ခင်ညိုချော