ချစ်ရတဲ့ အမျိုးသမီးထုကြီးရေ
ဘရာစီယာတွေ ချွတ်ပစ်လိုက်တော့ …. အတွင်းခံမဝတ်ပဲ တစ်ရက်လောက် သက်တောင့်သက်သာနေပစ်လိုက်။ ဘာလို့လဲဆိုတော့ ဒီနေ့က ရင်သားကင်ဆာအသိပညာပေးလှုံ့ဆော်တဲ့ No Bra Day အောက်တိုဘာလ ၁၃ ရက်ပါတဲ့။
အမျိုးသမီးလို့ မွေးဖွားလာကတည်းက သတ်မှတ်လိုက်ရင် လိုအပ်ချက်၊ လုပ်ဆောင်ကျင့်ကြံရတဲ့အရာတွေက များသား ….။ အဲ့ဒီထဲမှာ အတွင်းခံတွေလဲပါတယ်။ စဉ်းစားကြည့် … မိန်းကလေးဆိုရင် ရင်သားတွေ မဖွံ့ဖြိုးခင်ကတည်းက ရေကူးဝတ်စုံ ဝတ်ပေးတာတောင် လုံခြုံနေလိုက်တာ၊ ယောက်ျားလေးတွေကျတော့ ဘောင်းဘီအတို တစ်မျိုးတည်းနဲ့။ လေးတန်း၊ ငါးတန်းဆို ရှင်မီးအင်္ကျီ အမေတွေက ဆင်ပေးနေပြီ။ အဲ့ဒီကတည်းက ဝတ်လာလိုက်ရတာ ဗမာဘော်လီခါးရှည်ကစလို့ ဘရာစီယာ အပင့်၊ အကျပ်၊ ဗြောင်၊ ဇာ အထိပဲ။ မသေမချင်း ဝတ်နေရမဲ့သဘောရှိတယ်။
- ဒါပေမဲ့ ဒီတစ်ရက်တော့ အတွင်းခံ ဘရာစီယာမပါပဲ တစ်နေ့တာကို ဖြတ်သန်းကြည့်ပါ။ ဘ
- ရာစီယာကို ချွတ်ထားချိန် ကိုယ့်ရဲ့ ရင်သားကို ကိုင်တွယ်စမ်းသပ်ပြီး အဖုအကျိတ် ရှိ မရှိ စမ်းပါ။
- နို့သီးခေါင်းပုံစံပြောင်းနေလား၊ အတွင်းကို ရှုံ့ဝင်နေလား၊ အရည်ထွက်နေလား၊ တွန့်ရှုံ့နေလား၊ ချိုင့်နေလား၊ ရင်သားပုံစံက သာမန်ထက် ယောင်နေတယ် ထင်လား၊ ယားယံလား၊ အနီစက်ထွက်နေလား စတဲ့ လက္ခဏာကို ရှာကြည့်ပါ။
- မရှိဘူးဆိုရင် အင်မတန်ကောင်းပါတယ်။ ရှိနေခဲ့ရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ပြောပြခဲ့တဲ့ လက္ခဏာတွေကြောင့် ရင်သားကင်ဆာရှိ မရှိ စောစောသိရရင် ကုသဖို့ ပိုလွယ်တာမို့ စမ်းကြည့်ကြပါ။ ဆွေမျိုးနီးစပ် အသိုင်းအဝိုင်းထဲမှာ ရင်သားကင်ဆာဖြစ်ဖူးသူရှိရင် ဖြစ်နိုင်ချေရှိတာမို့ ပိုသတိထားပါ။ အမျိုးသားများကလည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်က အမျိုးသမီးတွေကို ရင်သားကင်ဆာနဲ့ပတ်သတ်ပြီး သိသလောက်ပြောပြပါ။ အသက်အရွယ်မရွေးဖြစ်နိုင်လို့ စစ်ဆေးကြည့်ဖို့ တိုက်တွန်းပါ။
crd….ရန်ကုန်သူမီရှဲ