အောက်တိုဘာ ၂၄ ရက် ညနေပိုင်းအချိန်က မြစ်ကြီးနားမြို့နယ်ရှိ တပ်မတော်စစ်ကြောင်းတစ်ခုထံသို့ PDF ၂ ဦး လက်နက်ဖြင့် လာရောက်ခိုလှုံအလင်းဝင်ခဲ့ကြောင်း သိရှိရပါတယ် –
(၁) အလင်းဝင် PDF ၂ ဦး
(၂) KA သေနတ် ၂ လက်
(၃) ကျည်အိမ် ၄ ခု၊ ကျည် ၁၀၀ တောင့်
၎င်းတို့ပြောကြားချက်အရ KIA အဖွဲ့အတွင်းတွင် ဗမာ PDF များအား လူမျိုးရေးအရ ဖိနှိပ်ဆက်ဆံပြီး စားနပ် ရိက္ခာ အနည်းငယ်သာပေးခြင်း၊ ရွာများတွင် ဆက်ကြေးကောက်၍ ထမင်းထုပ်များ အမြဲတမ်းတောင်းစား နေရမှုကြောင့် ဒေသခံများမှ မုန်းတီးလာခြင်းတို့ကြောင့် အလင်းဝင်ရောက်လာခြင်း ဖြစ်ပါတယ်။
အလင်းဝင်ဖို့ ကြိုးစားနေတာ ၁ လခန့်ရှိပြီဟု သိရပြီး အခွင့်အရေးရချိန်မှာ စစ်ကြောင်းနဲ့ ချိတ်ဆက်ပူးပေါင်း ခဲ့တာဖြစ်ပါတယ်။ ၎င်းတို့ ၂ ဦး အခြေအနေကို စောင့်ကြည့်နေပြီး ထပ်မံ အလင်းဝင်ရောက်မယ့်သူများလည်း ရှိသေးကြောင်း သိရှိရပါတယ်။
အလင်းဝင်သူ ၂ ဦးနဲ့ ချိတ်ဆက်၍ ထပ်မံဝင်ရောက်လာမည့်သူများ၏ လုံခြုံရေးကြောင့် ပုံမဖော်ပြလိုပါ။ အညာဒေသဘက်က PDF တွေလည်း အကြမ်းဖက်လုပ်ရပ်များ လုပ်နေမယ့်အစား ယခုလို အလင်းဝင်သင့်ပါ ကြောင်း ဖော်ပြလိုက်ပါတယ်။
တိုက်ပွဲသတင်းစုံ