KNU/PDF အကြမ်းဖက်အဖွဲ့များမှ အပြစ်မဲ့ပြည်သူများအား Drop ဗုံးချတိုက်ခိုက်

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်၊ စခန်းကြီး ကျေးရွာအုပ်စု၊ ရဲတံခွန်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့တင်များနှင့်  KNU/PDF အကြမ်းဖက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာအနီး ဦးကျော်စိန် သံဖြူဇရပ်မြို့နေသူ ပိုင်ဆိုင်သော   ရာဘာခြံအတွင်းသို့ ရန်သူ၏ Drop ဗုံးကျရောက်ခဲ့သဖြင့် ရာဘာခြံအတွင်း ခြံအလုပ် လုပ်ကိုင်နေသည့် အောက်အမည်ပါသူ ခြံလုပ်သားများ သေဆုံးသူကျား(၁)ဦးနှင့် ဒဏ်ရာရ ရှိသူ ကျား(၂)ဦး၊ မ(၃)ဦးတို့ဖြစ်ကြောင်း သိရှိရပါသည်-

(က)    ဦးအောင်မြင့်၊ (သ)၅၀နှစ်၊ (ယာဘက်ခြေ သလုံးနှင့် ခြေခုံကြေမွ ဒဏ်ရာ၊ ဝဲဘက်ပေါင်ကြေမွဒဏ်ရာ၊ ဝဲဘက်လည်ပင်း ပေါက်ပြဲဒဏ်ရာ၊ ယာတံတောင်ပြတ် ကြေမွဒဏ်ရာ၊ (သေဆုံး)

(ခ)     မဝတ်မှုန်ဇင်၊ (၁၆)နှစ်၊ (ရင်ဘက်ပွန်းပဲ့ဒဏ်ရာ) (မစိုးရိမ်ရ)။

(ဂ)     မောင်ဝေယံရှိုင်း၊ (၂)နှစ်၊ (ဝဲဘက်ခြေဖနောင့် ပြတ်ရှဒဏ်ရာ၊ ယာဘက် ခြေဖနောင့် ပြတ်ရှဒဏ်ရာ)(မစိုးရိမ်ရ)။

(ဃ)    မဖြူဖြူဝင်း၊ (၃၆)နှစ်၊ (ဝဲဘက်မျက်လုံး ပြတ်ရှဒဏ်ရာ၊ ယာဘက်ပေါင် ပြတ်ရှဒဏ်ရာ၊ ယာဘက်ရင်အုံ သွေးထွက် ဒဏ်ရာ) (စိုးရိမ်ရ)။

(င)     မမေမြတ်နိုး၊ (၁၃) နှစ်၊ (ယာဘက်မျက်ခုံး ပွန်းပဲ့ဒဏ်ရာ) (မစိုးရိမ်ရ)။

(စ)     မောင်နိုင်လင်းဝေ၊ (၃၂)နှစ်၊ (ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာ)(မစိုးရိမ်ရ)

          သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား သံဖြူဇရပ်ပြည်သူ့ဆေးရုံတွင် မှုခင်းဆေးစာပေးပို့ထား ရှိပါကြောင်းနှင့် ဒဏ်ရာရရှိသူ မဖြူဖြူဝင်းအား ၁၈၀၀ အချိန်ခန့်တွင် သံဖြူဇရပ်မြို့၊ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့မှ လူနာတင်ယာဉ်ဖြင့်  သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံမှတစ်ဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။

Posted in Uncategorized