တောင်းသူချေးငွေများ ဖိအားပေးတောင်းယူခံနေရဟု သတင်းအမှားများဖြန့်ဝေ

“ဧရာဝတီတိုင်းတွင် NLD အစိုးရလက်ထက် ထုတ်ချေးထားသည့်  စိုက်ပျိုး စရိတ်ချေးငွေ အကြွေးကျန်များကို ပြန်မဆပ်ပါက အရေးယူမည်ဆိုပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သတိပေးစာပို့ကာ ဖိအားပေးတောင်းယူနေသည်” ဟု ကောလာဟလ သတင်းတု သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူဦးကြီးများ စိုက်ပျိုးစရိတ် ကုန်ကျမှုများကို အထောက်အကူပြုနိုင်ရန် နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေ များကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးလျက်ရှိကြောင်း၊ ယင်းသို့ထုတ်ချေးရာတွင် ယခင်နှစ်ကြွေးကျန် ကျေပြီးမှသာ ချေးငွေအသစ်ထုတ်ချေးသည့်စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိပြီး ကြွေးကျန်များ ပြန်လည်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်/ မြို့နယ်ဘဏ်ခွဲများအနေဖြင့် ကြွေးကျန်ချေးငွေ ကောက်ခံရေးဆောင်ရွက်ရာတွင် စည်းရုံးကောက်ခံသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက် လျက်ရှိပြီး ချေးငွေပေးဆပ်ရန်ပျက်ကွက်နေသည့် မည်သည့်တောင်သူ တစ်ဦးတစ်ယောက် ကိုမျှ အမှုဖွင့်အရေးယူထားခြင်းမရှိကြောင်းနှင့် ချေးငွေညွှန်ကြားစာပါ စည်းကမ်းချက်များ နှင့်အညီ ကြွေးကျန်များ ပေးဆပ်ပြီးသည့် တောင်သူများကို ချေးငွေသစ်များ စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။

Posted in Uncategorized