၂၀၂၄ ခုနှစ် ၊ မေလ ၁၆ ရက် ၊ နေ့လည် ၂ နာရီချိန်ခန့်တွင် ဖြူးမြို့နယ် ၊သစ်ချောက်ခင်ကျေးရွာ တွင် ရောက်ရှိခိုအောင်းလှုပ်ရှားလျက်ရှိသော တောင်ငူခရိုင် PDFအကြမ်းဖက်အဖွဲ့မှ ကျော်အေးဝင်း(ဖြူးမြို့ နယ် NLD ပါတီပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်း)တို့ဦးဆောင်သည့်အဖွဲ့မှ ဝဲကြီးကျေးရွာအတွင်းနှင့်ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ Drop Bomb (၅)လုံးဖြင့်ပစ်ချတိုက်ခိုက်ခဲ့ရာ Drop Bomb (၁)လုံးသည် ဝဲကြီး(တောင်) ကျေး ရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ဘုန်းကြီး ကျောင်းဝန်းအတွင်း ဆော့ကစားနေသည့် ဝဲကြီး(တောင်) ကျေးရွာနေ မသူဇာဝင်း(ခ)မမိုးမိုးလွင် (၁၄) နှစ်၊ (ဘ)ဦးကျော်လွင်၊ ကျောင်းသူ (Grade- 8)တွင် ဝဲချိုင်းအောက် ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။
Related Posts
Uncategorized
ဖားကန့်တိုက်ပွဲသတင်း
- admin
- September 8, 2024
စက်တင်ဘာလ ၇ ရက် နေ့လည် ၁၁ နာရီခန့်မှာ ဖားကန့်မြို့ဝန်းကျင် နယ်မြေရှင်းလင်းစဉ် လုံခြုံရေးစစ်ကြောင်းတစ်ကြောင်းဟာ ဖားကန့်မြို့ရဲ့ အနောက်တောင်ဘက် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် ၁ ခုအနီး KIA […]
Uncategorized
မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ
- admin
- October 31, 2024
ကျန်းမာပျော်ရွှင်၊ စိတ်ကြည်လင်၍၊ လိုအင်ဆန္ဒ၊ တတိုင်းရလျှက်၊ သုခမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသော နေ့သစ် ဖြစ်ကြပါစေ🌷🙏🙏🙏🌷—
ဉာဏ်စမ်းပဟေဠိ အဖြေမှန်သူများကို မကြာခင်ကြေညာပေးတော့မှာဖြစ်ပါတယ်
- admin
- July 11, 2023
ဉာဏ်စမ်းပဟေဠိ အဖြေမှန်သူများကို ည ၇ နာရီ မှာ ကြေညာပေးတော့မှာဖြစ်ပါတယ်။ အချိန်ရတုန်းလေးဖြေထားလို့ရပါသေးတယ်နော်။