Tiktok ပြိုင်ပွဲလေးမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးကောင်းလေးတွေ လာပြီနော်အမျိုးတို့ရေ..

“ရဲဝံ့စွန့်စား ပြည်ချစ်သား” Tiktok ပြိုင်ပွဲအား (17-2-23 ရက်နေ့အထိ) ဝင်ရောက်ယှဉ်ပြိုင်သူ (၅၂) ဦးရှိခဲ့ပြီး မိသားစုဝင် သား/သမီးများသည် စာမေးပွဲကာလနှင့် တိုက်ဆိုင်နေသောကြောင့် ပြိုင်ပွဲဝင်ရက်အား အချိန်တိုးမြှင့်ပေးပါရန် တောင်းဆိုမှုများရှိလာခဲ့သဖြင့် ယခင်သတ်မှတ်ရက် (17-2-23 ရက်နေ့)အစား (24-2-23 ရက်နေ့အထိ) တိုးမြှင့်ပေးလိုက်ပါတယ် .. ယခင်သတ်မှတ်ထားတဲ့ ပထမဆု၊ ဒုတိယဆုအပြင် အထူးဆု(၃)ဆု ကိုလည်း ထပ်မံ တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပြိုင်ပွဲဝင်စည်းမျဉ်းများ

“တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့်ပတ်သတ်၍ လှုပ်ရှားမှုများ” ကို Tiktok တွင် သရုပ်ဖော်ပြိုင်ပွဲအစီအစဉ် ပြုလုပ်သွားမည်ဖြစ်၍ အရာရှိ/စစ်သည် မိသားစုဝင်များ ပါဝင်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်…….
အဆိုပါပြိုင်ပွဲအစီအစဉ်တွင် တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက် တစ်ဦးချင်း (သို့) အစုအဖွဲ့ဖြင့်ဖြစ်စေ၊ ဓာတ်ပုံများဖြင့်ဖြစ်စေ မိမိကြိုက်နှစ်သက်သည့် ဟာသ၊ အတည်အတန့်၊ စကားပြော၊ တေးသီချင်းများဖြင့် လွတ်လပ်စွာသရုပ်ဖော်၍ ဖန်တီး တင်ဆက်နိုင်ပါသည်။
အမှတ်ပေးစည်းမျဉ်းများအား အောက်ပါအတိုင်း သတ်မှတ်ထားပါသည်-
• နောက်ခံသီချင်းနှင့် သရုပ်ဖော်မှု ကိုက်ညီမှုရှိခြင်း။ (၁၀) မှတ်
• ပရိတ်သတ်အပေါ် စွဲဆောင်နိုင်မှုရှိခြင်း။ (၁၀) မှတ်
• Tiktok တွင် မိမိတင်ဆက်ထားသည့် video မှာ Like, View, Comment, Share အများအပြားရရှိမှုရှိခြင်း။ (၁၀) မှတ်
• ထိုနည်းတူ Facebook ပေါ်တွင်လည်း Like, Share အများအပြားရရှိမှု ရှိခြင်း။ (၁၀) မှတ်
• Video Link များကို အချိန်မှီပေးပို့နိုင်မှုရှိခြင်း။ (၁၀) မှတ်
စုစုပေါင်းပေးမှတ်မှာ အမှတ် (၅၀) မှတ်ဖြစ်ပြီး အထက်ပါအချက်များပေါ်တွင် မူတည်၍ အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ပါသည်။
အကောင်းဆုံးသရုပ်ဖော်နိုင်သည့် Tiktok Video ကို ……
*** ပထမဆုအနေဖြင့် ငွေကျပ် ၁ သိန်း
*** ဒုတိယဆုအနေဖြင့် ငွေကျပ် ၅ သောင်း
*** အထူးဆု ငွေကျပ် ၁ သောင်းဆု (၃)ဆု ချီးမြှင့်သွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်များသည်-
• အရာရှိ/စစ်သည်များဖြစ်ပါက ကိုယ်ပိုင်အမှတ်၊ အဆင့်၊ အမည်၊ တပ်လိပ်စာ၊ ဖုန်းနံပါတ်များအားလည်းကောင်း……
• မိသားစုဝင်များဖြစ်ပါက မိမိ၏အမည်၊ အရာရှိ/စစ်သည်များနှင့် တော်စပ်ပုံ၊ တပ်လိပ်စာ၊ ဖုန်းနံပါတ်များအားလည်းကောင်း အောက်ဖော်ပြပါ ဖုန်းနံပါတ် သို့ Video Link များနှင့်အတူ ပေးပို့ရပါမည်။
တပ်မတော်မိသားစုဝင်များ၏ ပြိုင်ပွဲဝင် Tiktok များကို ၁၃-၂-၂၀၂၃ ရက်နေ့မှစတင်၍ Tiktok နှင့် Facebook ပေါ်တွင် လွှင့်တင်ထားသည့် Video Link များကို ၂၄-၂-၂၀၂၃ ရက်နေ့၊ နေ့လည် ၁၂ နာရီထက်နောက်မကျဘဲ ၀၉-၆၉၆၃၇၇၃၈၇ ၏ viber သို့ ပေးပို့သွားရမည်ဖြစ်ပါသည်။

Posted in Uncategorized